ဗုဒ္ဓဂါယာ ခရီးစဉ်


ဗုဒ္ဓဂါယာ ခရီးစဉ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ခရီးသွားဆောင်းပါတစ် ပုဒ်ရေးချင်ပါတယ်။ ဗုဒ္ဓဂါယာ မရောက်ဘူးသေးသူ များအတွက် ရောက်ဘူးသွား သလို၊ ဘုရားပွင့််တော်မူရာဌာနကို သွားရောက်ချင်စိတ်၊ ဖူးမျှော်ချင်စိတ် ဖြစ်ပေါ်လာအောင် ခံစားစေချင်တဲ့ သဘောနဲ့ ရေးခြင်းသာ ဖြစ်ပါတယ်။ ဒီခရီးစဉ်က ၂၂ ရက်ကြာပါခဲ့ပါတယ် အတော်ရှည်တဲ့ ခရီးဆိုလဲ ပြောလို့ရပါတယ်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ခါနီး အရှင်အာနန္နာသည်- " မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကမှု ၀ါကျွတ်သော အခါ ဘုရားဖူးရောက်လာ ကြကုန်သော ရဟန်းကောင်းရဟန်းမြတ်တို့ကို ဆည်းကပ် ဖူးမြော်ခွင့် ရခဲ့ပါ၏။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံ မူသောအခါ ဘုရားဖူး ရဟန်းတော်များ လာရောက်ကြတော့မည် မဟုတ်သဖြင့် အဘယ်နေရာ အဘယ်ဌာန တို့၌ ရဟန်းကောင်းရဟန်းမြတ်တို့ကို ဆည်းကပ် ဖူးမြော်ခွင့် ရနိုင်တော့မည် အဟုတ်ပါဘုရား" ဟုလျှောက်ထား၏။

ထိုအခါ
မြတ်စွာဘုရားရှင်သည် အရှင်အာနန္နာအား ငါဘုရား ပရိနိဗ္ဗာန်စံတော် မူသည့်နောက်၌ အောက်ဖော်ပြပါ ဌာနလေးဌာန သို့ ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ဥပါသကာ ဒါယကာများနှင့် ဥပါသိကာ ဒါယိကာမများ ဘုရားဖူး လာရောက်ကြမည့်အကြောင်း ဟောကြားတော်မူခဲ့၏။ ချစ်သားအာနန္နာ ရတနာသုံးပါးကြည်ညိုသော အမျိုးကောင်းသား တဦးအတွက် သွားရောက်ဖူးမြော် သံဝေဂယူသင်သော ဌာန လေးဌာနရှိကုန်၏။

(က) ဤလုမ္ဗိနီသာမော အင်ကြင်းတောကား "မြတ်စွာဘုရား ဖွားမြင်တော် မူရာဌာနပါတကား" ဟူ၍ သဒ္ဓါတရား ရှိသောအမျိုးကောင်းသား တဦးအတွက် သွားရောက်ဖူးမြော် သံဝေဂယူသင့်သော ဌာနတခုဖြစ်၏။

(ခ) ဤ
ဗုဒ္ဓဂါယာ မဟာဗောဓိမဏ္ဍိုင်ကား "မြတ်စွာဘုရားသည် အတုမဲ့သော မဖောက်မပြန် မှန်ကန်သော ကိုယ်ပိုင် (သဗ္ဗညုတ) ဉာဏ်တော်ကို ရတော်မူသော နေရာပါတကား" ဟူ၍ သဒ္ဓါတရား ရှိသောအမျိုးကောင်းသား တဦးအတွက် သွားရောက်ဖူးမြော် သံဝေဂယူသင့်သော ဌာနတခုဖြစ်၏။

(ဂ) ဤမိဂဒါဝန်တောကား "မြတ်စွာဘုရားသည် အတုမဲ့ ဓမ္မစကြာ တရားဦးကို ဖော်ကျူးမြွက်ဟရာ ဌာနပါတကား" ဟူ၍ သဒ္ဓါတရား ရှိသောအမျိုးကောင်းသား တဦးအတွက် သွားရောက်ဖူးမြော် သံဝေဂယူသင့်သော ဌာနတခုဖြစ်၏။

(ဃ) ဤမလ္လမင်းတို့၏ ကုသိနာရုံ အင်းကြင်းရဂုံကား "မြတ်စွာဘုရားသည် နိဗ္ဗူနန်းသို့ ခိုဝင်စံမြန်းလျက် ၀ိပါတ် ကမ္မဇရုပ် တို့အကြွင်းမဲ့ ချုပ်ငြိမ်းရာ ဌာနပါတကား"
ဟူ၍ သဒ္ဓါတရား ရှိသောအမျိုးကောင်းသား တဦးအတွက် သွားရောက်ဖူးမြော် သံဝေဂယူသင့်သော ဌာနတခုဖြစ်၏။

ချစ်သားအာနန္နာ နောင်အခါ၌ သဒ္ဓါ တရား ရှိသော ရဟန်းယောက်ျားများ၊ ရဟန်းမိန်းမများ၊ ဥပါသိကာ ဒါယကာများ၊ ဥပါသိကာ ဒါယိကာများ၊ ဒါယိကာမများသည် ဤလေးဌာနသို့ လာကြကုန်လတံ္တ။

(၁)
မြတ်စွာဘုရား ဖွားတော်မူရာ လုမ္ဗိနိဥယျာဉ်။

(၂) သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဗုဒ္ဓဂါယာ မဟာဗောဓိမဏ္ဍိုင်။

(၃) ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား မြတ်စွာဘုရား တရားဦးဓမ္မစက် ဟောမြွက်ရာ မိဂဒါဝန်။

(၄) မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ မလ္လမင်း တို့၏ ကုသိနာရုံ အင်ကြင်းရဂုံ။


ချစ်သားအာနန္နာ အကြင်လူတို့သည် ဘုရားဖူးခရီး လှည့်လည် မူကို ပြု၍ ကြည်ညိုစိတ်ဖြင့် သေလွန်ကုန်၏။ ထိုလူအားလုံးတို့သည် ဤခန္ဓာကိုယ် ပျက်စီးသေလွန် ပြီးနောက်၌ နတ်ရွာသုဂတိ သို့ရောက်ကြကုန်လတံ္တ။ (မဟာပရိနိဗ္ဗာနသုတ်ပါဠိတော်)



[မောင်အံ့ (မဟာဝိဇ္ဇာ - ဘုံဘေ) ၏ မြတ်ဘုရား ပွင့်တော်မူရာ
ဗုဒ္ဓဂါယာကို ကိုးကားသည်။] ဆက်လက်ဖော်ပြပါမည်။

4 comments:

Anonymous said...

Very nice post. Thanks a lot for sharing.

မိုးမြင့်တိမ် said...

ညီမရေ တကယ့်ကို ကောင်းတဲ့ပိုစ့်လေးပါ။ အရမ်းလည်းသွားချင်တဲ့ နေရာလေးပါ။ အခြေအနေ အကြောင်းကြောင်းတွေကြောင့် မရောက်ဖြစ်သေးတာ။ ဒါပေမယ့် ရောက်ဖြစ်အောင်ကိုတော့ သွားမယ်။ အခုလို မသွားနိုင်သေးခင်မှာ ညီမလေးပိုစ့်လေးကို ဖတ်ရတော့ တကယ်ကို ကြည်နူးမိပါတယ်။ နောက်ပိုင်းဆက်ရန်လေး တွေလည်းမျှော်နေမယ်နော်။

Anonymous said...

ဟုတ်ကဲ့ အားပေးမယ့်သူရှိတော့ ရေးရမှာ ပေါ့ အစ်ကိုရေ့. သွားချင်စိတ်ရှိရင် သွားကိုသွားရလိမ့်မယ်
တကယ်..မုဒိတာဆို TV မှာလာတဲ့ ဗုဒ္ဓဂါယာ အကြောင်းကို ကြည့်ပြီးဆုတောင်းရုံနဲ့တင် ဆုတောင်းပြည့်သွားတာ..

Nge Naing said...

သိပ်ကောင်းတဲ့ ပို့စ်လေးပါ။ ကုသိုလ်ယူသွားပါတယ်။္ဒအိန္ဒိယကို ရောက်ဖူးပေမယ့် ဗုဒ္ဓဂါရာကို မရောက်ခဲ့ဘူး။ ဘုရားဖူးသီးသန့် တခေါက်တော့ ရောက်အောင် သွားဖို့ဆုံးဖြတ်ထားပါတယ်။