လှစေချင်သူ






A-Almond Oil ဗာဒံသီးအဆီ
မျက်နှာသန့်စင်ရာတွင် အကောင်းဆုံးအဆီ ဖြစ်ပါသည်။ အဆီပြန်ခြင်း နှင့်ဝက်ခြံ၊ တင်းတိတ်များကို ပျောက်ကင်းစေပြီး အသားအရေကို ချောမွေ့ နုးညံ့ စေပါသည်။ ထို့ကြောင့် ဗာဒံသီး အဆီဖြင့် မျက်နှာကို ပွတ်လိမ်းပေးပါ





B-Baking Soda မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ ထမင်းစာဇွန်း တစ်ဇွန်းခန့်ကို ရေနွေးထဲထည့် ပြီးမွှေပြီး ခြေထောက်ကို စိမ်ပေးလျှင် ခြေထောက်နာကျင်ကိုက်ခဲ မှုများကို သက်သာပျောက်ကင်း စေပါသည်။ ခြေထောက်မှ အနာအဆာများကို ပျောက်ကင်းစေ၍ ချောမွေ့နုးညံ့လာစေပါသည်။





E-Egg White ကြက်ဥအကာ
မျက်နှာအသားအရေ တင်းရင်၍ ချောမွေ့စေရန်း မျက်နှာပေါ်တွင် လိမ်းကျံပေးပါ။






0-0at Meal အုတ်ဂျုံ
အုတ်ဂျုံကို ထမင်းချက်သကဲ့သို့ ချက်ပြီးပျားရည် တွင်စိမ်ပါ။ အဲဒါကို မျက်နှာတွင် လိမ်းကျံပေးပါက မျက်နှာ အဆီပြန်ခြင်းမှ ပျောက်ကင်း သက်သာစေနိုင်ပါသည်။






I-Ice Cubes ရေခဲတုံးလေးများ
မျက်နှာနှင့် လည်ပင်းတွင် ပိတ်ဆို့နေသော ချွေးသီးပေါက်ကလေးများကို ရေခဲတုံးဖြင့် အုံပေးပါက ချွေးပေါက်ပွင့်ပြီး အခိုးအငွေ့ထွက်ကား ကျန်းမားလန်းဆန်းစေပါသည်။




M-Milk နွားနို့

နွားနို့ဖြင့် ရေချိုးသကဲ့သို့ ချိုးခြင်းဖြင့်၊ ခြေလက် ဆေးကြောသန့်စင်ခြင်း၊ ပွတ်လိမ်းပေးခြင်းဖြင့် ခြေလက်များ နုးညံ့ ပျော့ပျောင်းစေပါသည်။







S-Strawberries စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီးကို ပါးပါးလှီး၍ အရေပြားပေါ်ရှိ မှဲ့ခြောက်တင်းတိတ်များကို အုံပေးပါက ပျောက်ကင်းစေနိုင်ပါသည်။ အညိုအမဲ အကွက်များရှိလျှင်လည်း အုံပေးပါက ပျောက်ကင်းစေပါသည်။



F-Fasting

တစ်လတွင် တစ်ရက်သတ်မှတ်ကာ ထိုနေ့တွင် အစာမစားဘဲ အရည်ရွမ်းသော သစ်သီးရည်များ ကိုသောက်သုံးပေးပါ။ ဤနည်းဖြင့် ခန္ဓာကိုယ် မှအဆိပ်အတောက်များ ကင်းစင်စေပြီး အသားရေ စိုပြည်လှပစေပါသည်။






L-Lemon Juice သံပရာနှင့် ရှောက်ချိုသီးအရည်
အရေပြားကို ပွတ်လိမ်းပေးပါက အရေပြားမှ အညိုကွက်၊ အမည်းကွက်များ အစွန်းအထင်းများပေကျံ ပျောက်ကင်းစေသည်။ မှဲ့ခြောက်နှင့် ညုင်းများ ပျောက်ကင်း၍ ချောမွေ့လှပလာစေပါသည်။


(မဂ္ဂင်းဇင်းတစ်အုပ်မှ ကူးယူဖော်ပြခြင်းသာ...)

5 comments:

khin oo may said...

လှပြီးသား။
ကူးယူတယ်ဘဲ ပြောပြော မဖတ် ရသေးရင် အသစ်ဘဲ.
လက်ညောင်းခံ ဖြန်.ဝေလို. ကျေးဇူးတင် ရှိ ကြောင်း။

ဇနိ said...

အမကြီး ကေအိုအမ် ပြောသလိုပဲ...
ကူးပေးတာလည်း ကျေးဇူးတင်ပါတယ်။

ထွန်း said...

ရေခဲတုံးနဲ့ ကပ်ပေးရင် ချွေးပေါက် ပွင့်မလား ကျုံ့ သွားမလား လို့ ဇဝေဇ၀ါဖြစ်မိပါတယ်။ ရေနွေးအပူကပ် ရင် ချွေးပေါက် ပွင့်နိုင်မယ် ထင်ပါတယ်။ ပုံမှန်အားဖြင့် အအေးဆိုရင် ကျုံ့  တတ်ပါတယ်။ ဒါပေမဲ့ တင်ပြပေးလို့ စမ်းကြည့်လို့ ရတာပေါ့။ ဖတ်မိတာ လေးတွေ မျှပေးတော့ ကျနော်တို့ လို မဖတ်မိတဲ့သူတွေ အတွက် ဗဟုသုတရတာပေါ့။ ကျေးဇူးတင်ပါတယ်။

ပန်းခရမ်းပြာ said...

ကြက်ဥ အကာနည်းကတော့ အလွယ်ဆုံးပဲ။

Anonymous said...

ကြက်ဥအကာနဲ့ ပေါင်းတင်နည်းကို တင်ပေးဦးမယ်
ပန်းခရမ်းပြာရေ
မမမေနဲ့ ကိုဇနိရေ ကျေးဇူးပါ
ဂျေရေ စမ်းကြည့်ပါဦးနော် ရေခဲတုံးနဲ့