ရေနှင့်ကျန်းမာရေး



ရေချိုးသောစနစ်

ရေချိုးသော အချိန်မှာ နေ့မွှန်းမတည့်မီ နံနက်ပိုင်း အချိန် ဖြစ်၏။ ယေဘုယျအားဖြင့် နေ့လည် ၁၂နာ၇ီ မထိုးမီနေ့အချိန်ဖြစ်၏။ နံနက်ပိုင်းသည် တက်ဥတုအချိန် ဖြစ်ပြီး၊ ညနေပိုင်းသည် သက်ဥတုအချိန် ပိုင်းဖြစ်လေသည်။ ဆောင်းတစ်ဆယ်၊ နွေကိုး၊ မိုးခုနှစ် ရေချိုးစနစ်သည် အကောင်းဆုံး ဖြစ်သည်။ အချို့ အလုပ်များ၍ ကိုယ်ခန္ဓာ ညစ်ပေနေသူတို့မှာ နေမ၀င်မီေ၇ချိုးသင့်သည်။ နေ၀င်ပြီးသွားပါက ရေမချိုးသင့်တော့ပဲ ခြေလက်ဆေးကြောခြင်း အမှုသာပြုသင့်၏။

ရေမချိုးသင့်သောအချိန်

အစာစားပြီးစ၌ ချက်ချင်း ရေမချိုးသင့်ချေ။ အစာမကြေ ရောဂါ ရရှိတက်၏။ နေပူ၊ မီးပူ၊ အပူ တစ်စုံတစ်ခု ခံစားရပြီး စ၌လည်း ရေမချိုးသင့်ချေ။ လေဖြတ်ရောဂါ၊ သွေးတိုးရောဂါ၊ နား၊ မျက်စိ၊ ခံတွင်းနာရှိသူများ၊ ၀မ်းဖောဝမ်း ရောင်သူများ၊ နှာစေးသူများမှာ ထိုအခိုက်အတန့်တွင် ရေမချိုးဘဲနေသင့်၏။ မီးအပူခံပြီးနောက် ရေချိုးလိုလျှင် ရေအေးကိုဝအောင်သောက် ပြီးနောက် ခဏလောက် နားနားနေနေ၊ နေထိုင်ပြီးမှ ရေချိုးပါ။ မကျန်းမမာ ဖြစ်ပြီးနောက် ပထမဆုံး ရေမချိုးသေးပဲ၊ ကရက်မက်နံသာများ သွေးလိမ်းကြည့်ပါ၊ တစုံတရာ အပြစ်မရှိမှ ရေစချိုးပါ။ ရေချိုးပြီးအခိုး ပြန်ရအောင် ပြုလုပ်ရမည်။ ရေချိုးပြီးပြီးချင်း အ၀က်သန့်သန့်ဖြင့် ရေပေါက်ရေစများ တစ်ကိုယ် လုံးသန့်စင်အောင် သုတ်ပစ်ပါ။ ဖြစ်နိုင်ပါက ကိုယ်ငွေ့ရလာသည်အထိ အ၀တ်သန့်သန့်ဖြင့်ပွတ်တိုက်ပေး ရမည်။ ရေသုတ်ပြီးလျှင် အမြန်ဆုံး အ၀တ်သစ်လဲ၍ လေလုံအောင်နေပါ။ ရေနွေးပူပူ၊ ကော်ဖီပူပူ၊ နွားနို့ပူပူ တစ်ခုခုကို ကိုယ်ငွေ့အားကောင်းလာအောင် သောက်ပေးပါ။ တက်နိုင်လျှင် ကိုယ်ငွေ့ရအောင် (၁၅) မိနစ်ခန့် ခေါင်းမြီးခြုံ၍ လဲလျောင်းနေပါ။

ရေစချိုးပုံ

ရေချိုးတော့မည်ဆိုလျှင် ချက်ချင်းမချိုးသေးပဲ ခြေထောက်အောက်ပိုင်းကို ရေအရင်လောင်းရမည်။ ခြေဖျားမှသည် ဒူးခေါင်း၊ ပေါင် စသည်ဖြင့် တရွေ့ရွေ့အထက်သို့ လောင်းပြီးမှ တစ်ကိုယ်လုံး ချိုးရမည်။
ရေချိုးစဉ် ပထမ ကိုယ်စိုရုံ လောင်းပြီးမှ ခေတ္တနားပါ။ အတွင်းအခိုးများထွက်ရန် အချိန်အနည်းငယ်ပေးခြင်းဖြစ်၏။
အထူးသဖြင့် ခေါင်းနှင့်ပက်သက်သော ရောဂါ၇ှိသူများ ခေါင်းလောင်း၍ ရေမချိုးသင့်ချေ။
ရှေးဦးစွာ ရေမချိုးမီ ရေကိုပါးစပ် အတွင်း၌ ငုံထားပါ။ သို့မှသာ ခန္ဓာကို်ယ် အတွင်း၇ှိ အပူအပုပ် များရန်မှ ကာကွယ်ပြီး ဖြစ်မည်။ သွားနှင့်စပ်သော ရောဂါများလည်း ကင်းရှင်းစေ နိုင်သည်။

ရေချိုးသင့်သည်ကိုသိပုံ

မိမိ ရေချိုးမည်ဟုပြုစဉ် အောင်ပါလက္ခဏာများ ဖြစ်ပါက ရေမချိုးဘဲနေက အပြစ်ကင်း၏။ ချိုးသော်လည်း ရေတစ်မှုတ် နှစ်မှုတ်ခန့်သာ ရေချိုးသည်ဆိုရုံ ချိုးသင့်သည်။ (သို့) ရေဖက်တိုက်ခြင်း၊ ရေနွေးဖြင့် ချိုးခြင်းပြုအပ်၏။
(၁) ဗဟိဒ္ဓတွင် အပိတ်အဖွဲ့ များ၍ လွန်စွာအေးသောအခါ
(၂) ရေချိုးမည်ဟု ရေနားသွားလျှင် ချမ်းစိမ့်စိမ့် ဖြစ်ပြီး ကြက်သီးထသောအခါ၊
(၃) ရေချိုးလိုစိတ်မ၇ှိသောအခါ
(၄) အဖျားရှိနေသောအခါ ရေမချိုးဘဲနေက အပြစ်ကင်း၏။

ချေးတွန်းခြင်း

ဆီးဖြူသီးဖြင့် ချေးတွန်းခြင်းမှာ သည်းခြေနာ၊ ကြက်မျက်သင့်သော အနာကိုနိုင်၏။ ပဲတဲကော၊ နွားဖြေ၇င်မှုန့်တို့ဖြင့် ချေးတွန်းလျှင် သလိပ်နာနှင့် ညအခါမမြင်၇သော ကြက်မျက်သင့်နာကိုကောင်းစေသည်။ ဇီးဖြူသီးမှုန့်ဖြင့် ချေးတွန်းလျှင် မျက်စိအားကောင်းစေသည်။



Cholesterol ဆိုတာဘာလဲ

ဘယ်လိုအစားအစာတွေက ကိုလက်(စ်)စေ၇ာကို ကျစေနိုင်သလဲ

  • Soy လို့ခေါ်တဲ့ ပဲပုပ်ပဲ(သို့) ပဲကျပ်ပျဉ်နဲ့ လုပ်ထားတဲ့ ပဲတုန်း၊ ပဲနို့၊ ပဲအသားတုစတဲ့ Soy ပါတဲ့အစာအမျိုးမျိုး
  • အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်း၇ွက်များ ဥပမာ - ခ၇မ်းသီး၊ ၇ုံးပတေသီး
  • သစ်စေ့သစ်ဆံ တွေဖြစ်တဲ့ ဘန်ဒါစေ့နဲ့ အခြား သစ်စေ့၇ဲ့ အဆံများ
  • OAT-BRAN ပါပေါင်မုန့်များနဲ့ WHOLE GRAIN ပါအစားအစာ
  • ဒိန်ချဉ်(အဆီထုတ်ထားတဲ့ နွားနို့နဲ့ ပြုလုပ်)
  • သံလွင်ဆီ

ဆေးမှာတစ်မူကြက်သွန်ဖြူ


(၁) ကြက်သွန်ဖြူကို စားသုံးခြင်းဖြင့် သလိပ်၇ှင်းသည်။ ဆီးကို၇ွှင်စေသည်။ အလွယ်တကူ ကျေ၇ာက် တက်သည့်ေ၇ာဂါပိုးများကိုလည်း ကာကွယ် ပေးနိုင်သည်။ ကင်ဆာဆဲလ်များ ဖြစ်သော ကာစီနိုဂျင် (Carcinogens) များကို ဟန့်တားခြေဖျက် နိုင်စွမ်း ၇ှိကြောင်းပင် ဖြစ်သည်။

(၂) ကြက်သွန်ဖြူတွင် ပါဝင်သော အော်ဂင်နိုဆာလ်ဖာ ဒြပ်ပေါင်းသည် ၀မ်းတွင်း၇ှိ ဗက်တီး၇ီးယားများကို ဟန့်တား နိုင်သည်။ အစိမ်းလိုက်စားခြင်းဖြင့် ၀မ်းတွင်းကင်ဆာ ဖြစ်မှုကို ပပျောက်စေနိုင်ကြောင်း

(၃) အမျိုးသမီးများတွင် ဖြစ်တက် လေ့၇ှိသော ၇င်သား ကင်ဆာဆဲလ် (Breast Cancer Cell) များတိုးပွားမှုကို ၇ပ်ဆိုင်းစေသည်။ ကြက်သွန်ဖြူသည် ၇င်သားကင်ဆာ ဖြစ်မှုကိုဟန့်တားစေ နိုင်ကြောင်း

(၄) ကြက်သွန်ဖြှူဆီသည် ပင်ပန်းနွမ်းနယ်မှု Stress ကိုလည်း လျော့နည်းသက်သာ စေနိုင်ကြောင်း

(၅) ကြက်သွန်ဖြူသည် အူမကြီး၊ စအို၊ အစာေ၇မျိုနှင့် အေ၇ပြားတွင် ဖြစ်ပွားစေတက်သော အဖုအကြိတ်များ၏ ကြီးထွား မှုကိုဟန့်တားစေနိုင်ကြောင်း

(၆) နေ့စဉ် ကြက်သွန်ဖြူဥ တစ်လုံးကိုစားသုံးခြင်းဖြင့် ကိုလက်စေ၇ာ ၉% ကျဆင်းစေနိုင်ကြောင်း၊ ကိုလက်စေ၇ာ ၁% ကျဆင်းတိုင်း နှလုံး သွေးကြောကျဉ်းေ၇ာဂါဖြစ်၇န် အလားအလာများ၂% လျော့နည်းသွားကြောင်း

(၇) ခန္ဓာကိုယ်တွင်း၇ှိ အဆိပ်အတောက်များကို ကာကွယ်စေနိုင်ကြောင်း၊ အေ၇ပြားပေါ်တွင် ဖြစ်ပွားတတ်သည့် မှက္ခ၇ုေ၇ာဂါနှင့် အေ၇ပြားမှိုစွဲေ၇ာဂါများကို ပျောက်ကင်းစေနိုင်ကြောင်း၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ တုတ်ကွေး ဖြစ်ခြင်းနှင့် လေပြွန်ေ၇ာင်၇မ်းခြင်း၊ အဆစ်အမြစ်ေ၇ာင်ခြင်း တို့ကိုသက်သာပျောက်ကင်းစေနိုင်သည်။

(၉) ကြာ၇ှည်စားသုံးလျှင် ဆံပင်နက်၍ သုတ်ကိုပွားစေသည်။

(၁၀) ကြက်သွန်ဖြူသည် အဆီကို ကျစေနိုင်သဖြင့် နေ့စဉ်မှန်မှန် စားသုံးပါက သွေးတိုးေ၇ာဂါ မဖြစ်စေ၇န်နှင့် ဖြစ်ပွားနေသော သွေးတိုးေ၇ာဂါကို ပျောက်စေနိုင်သည်။ သွေးအဆီပိတ်သည့်ေ၇ာဂါကိုဖြေ၇ှင်း နိုင်စွမ်း၇ှိသည်။

(၁၁) မလိုအပ်သောအဆီများကို ပျော်ဝင်စေသည်သာမက ဆုံဆို့နာ၊ အဆုတ်နာများ ကိုအပါအ၀င် ပိုးမွှားများ ကို သတ်နိုင်ကြောင်း နှင့် ပင်နီဆလင်ဆေးအပြင် အခြားပဋိဇီဝဆေး အချို့ထက်အစွမ်းထက်ကြောင်းကို UPI သတင်းတစ်ခုက ဆိုထားသည်။

(၁၂) ကြက်သွန်ဖြူကို ပါးပါးလှီးထောပတ်နှင့်ကြော် ထမင်းနှင့် နယ်စားပါက ၀မ်းကိုက်ေ၇ာဂါကို ပျောက်စေနိုင်သည်။

(၁၃) ဆီးနှင့်ဝမ်းကို၇ွှင်စေ သဖြင့် မီးဖုတ်စားသော် လေကိုအထူး၇ွှင်စေနိုင်သည်။ ၀မ်းဖော၊ ၀မ်းေ၇ာင်၊ ၀မ်းကိုက်ေ၇ာဂါများကိုပျောက်စေ နိုင်သည်။

(၁၄) ကြက်သွန်ဖြူဥတစ်လုံးကို ကြေးချိတ်နှင့်ဖောက်၍ ပျား၇ည်တွင် စိမ်ထားပြီး စားသုံးပါက အိပ်ပျော်စားဝင် အားအင်ပြည့် ဖြိုးစေနိုင်ပြီး ကျန်းမာေ၇းပို၍ ကောင်းစေသည်။

(၁၅) ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ်၇ွှင်စေသည်။ ချောင်းဆိုးသလိပ်ကပ်ခြင်းတို့ကို ပျောက်စေသည့်အပြင်ေ၇ာဂါပိုးများကိုလည်း သေစေနိုင်သဖြင့် မြစ်ခြောက်နာခေါ်ဘ အဆုတ်နာ(တီဘီ)ေ၇ာဂါများအတွက်ကိုလည်း တိုက်ကျွေးနိုင်သည်။

(၁၆)ကလေးများလေဆန်နာဖြစ်ခဲ့ပါက ကြက်သွန်ဖြူဥ တစ်လုံးကို မီးဖုတ်ကျွေးခြင်းဖြင့်ပျောက်ကင်းစေ နိုင်သည်။

(၁၇) ကြက်သွန်ဖြူကို နှမ်းဆီ၊ လေညှင်းတို့နှင့်ေ၇ာစပ်ကျိုချက်ပြီး လိမ်းဆေးအဆီအဖြစ်ပြုလုပ်၍ လိမ်းပေးခြင်းဖြင့် ကိုယ်လက်ကိုက်ခဲခြင်း၊ နားပြည်ယိုခြင်းများကို သက်သာစေသည်။



ဆီးချိုေ၇ာဂါနှင့်ကုထုံ့း

ဆီးချိုေ၇ာဂါဖြစ်ခြင်းဟာ ဇိမ်ခံမူများခြင်း၊ ကိုယ်လက်လူပ်၇ှားမှုနည်းခြင်း၊ အအိပ်အနေများခြင်း၊ အထိုင်များခြင်း တို့ကြောင့်ဖြစ်ပါတယ်။

ဆီးချိုေ၇ာဂါ လက္ခဏာများကတော့၊

၁။ေ၇အလွန်ငတ်ခြင်း၊

၂။။ အလွန်မောပန်းခြင်း၊

၃။ ဆီးများပြီးဆီးမကြာခဏသွားခြင်း၊

၎။ ညဘက်တွင်ဆီးသွားများခြင်း၊

၅။ ဆီးများပြီးမကြာခဏသွားခြင်း၊

၆။ ဆီးသွားပြီးဆီးတွင် ပု၇ွက်ဆိတ်အုံလာခြင်း၊

၇။ ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲအကြောတက်ခြင်း၊

၈။ အစားသောက်ပျက်ခြင်း၊

၉။ အိပ်မပျော်ခြင်း၊

၁၀။ ကိုယ်အလေးချိန်လျော့ကျခြင်း၊

၁၁။ အနာမျိုးစုံပေါက်လာခြင်း၊

၁၂။ အနာများတော်တော်နဲ့ မကျက်နိုင်ခြင်း၊

၁၃။ မျက်စိအမြင်ချို့ယွင်းလာခြင်းတို့ဟာ ဆီးချိုေ၇ာဂါလက္ခဏာများ ဖြစ်ပါတယ်။

အပူနာကြောင့်ဖြစ်တဲ့ ဆီးချိုေ၇ာဂါဆို၇င်..

၁။ အချိုများတဲ့အစာ၊

၂။ အဆီများတဲ့အစာ၊

၃။ အပူစာမှန်သမျှကိုေ၇ှာင်ကြဉ်ခိုင်း၇ပါတယ်။ အေးတဲ့အစာ၊ ချဉ်တဲ့အစာ၊ အေးခါးတဲ့ ဆေးအစာတို့ကို စားသုံးခိုင်း၇ပါတယ်။

အအေးနာကြောင့်ဖြစ်တဲ့ေ၇ာဂါဆို၇င်

၁။ အချိုများတဲ့ အစာ၊

၂။ အဆီများတဲ့ အစာ၊

၃။ အအေးစာ မှန်သမျှကိုေ၇ှာင်ကြဉ်ပြီး ပူတဲ့၊ ခါးတဲ့၊ စပ်တဲ့ ပူခါးတဲ့ဆေး၊ အစာများကို စားပြီး တိုက်ကျွေး၇ပါတယ်။

ဆီးချိုေ၇ာဂါဖြစ်သူ လူနာတိုင်းကို အချိုစားသုံးခြင်းေ၇ှာင်ကြဉ် ခိုင်း၇ပါတယ်။ ဒါပေမယ့် အခါးမှန်သမျှကို မကျွေး၇ပါ။ မစားခိုင်းပါ။ အဆီမှန်သမျှကိုတော့ စားသုံးခြင်းကိုေ၇ှာင်ကြဉ် ခိုင်းပါတယ်။ ဒါအဓိက အေ၇းကြီးတဲ့ သော့ချက်ပါ။

အပူကြောင့်ဖြစ်တဲ့ ဆီးချိုေ၇ာဂါ၇ှင်များေ၇ှာင်ကြဉ် ၇မယ့် အစားအစာများကတော့

ကြက်သား၊ ကြက်ဥ၊ နွားသား၊ ဆိတ်သား၊ နွားနို့၊ ဆိတ်နို့၊ ထောပတ်၊ အုန်းနို့၊ ထန်းလျက်၊ ပျား၇ည်၊ ကောက်ညှင်း၊ အုန်းထမင်း၊ ဒံပေါက်ထမင်း၊ ထောပတ်ထမင်း၊ ခွေးတောက်၇ွက်၊ ကြောင်လျှာသီး၊ ကြောင်လျှာညွှန့်၊ ဖန်ခါးသီး၊ မဲဇလီ၇ွက်၊ မဲဇလီဖူး၊ ဆင်တုံးမနွယ်၊ နနွင်းခါး၊ တမာ၇ွက်၊ တမာခေါက်၊ ခ၇မ်းခါးသီး ၊ ခ၇မ်းချိုသီး၊ င၇ုတ်သီး၊ င၇ုတ်ကောင်း တို့ကိုေ၇ှာင်ကြဉ်၇ပါမယ်။

်

ရှောက်သီးရှောက်ပင် ဆေးဖက်ဝင်


ဆေးဖက်ဝင်ရှောက်ရွက်

(၁) လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက်နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်။

(၂) လေငန်းရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက်ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်းရောဂါမှ သက်သာ ပျောက်ကင်းစေသည်။

(၃) အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများအတွက် ပထမဦးစွာ ရှောက်ရွက်ကြမ်းများကို ရှာထားပါ။ ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်း(ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများတစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ ရေကျက်အေးများ ပုလင်းများထဲသို့ အပြည့်ထည့်ပြီး အဆို့ ပိတ်လျက် နေပူတွင်ကိုးရက်စီ ထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံးသွား ပေးပါ။ တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျဓာတ်စာဆေးများစားခြင်း ထက် စိတ်ချရသော ရိုးရာဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်းတို့မှလည်း သက်သာပျောက်ကင်း စေပါသည်။

ဆေးဖက်ဝင်ရှောက်သီး

(၁) အုန်းနို့ခေါက်ဆွဲ၊ ဒံပေါက်၊ မုန့်ဟင်းခါးအ၀စားမိသည်အခါတွင် ရှောက်ဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် သွေးတိုး၊ သွေးတက်၊ အစာမကြေ ခြင်းမှ ပြေပျောက်စေသည်။

(၂) အစာအဟာရများကို မမှီဝဲချင်ဘဲ လေခံနေခြင်း။ လေများမကြာခဏ ပျို့အန်ခြင်းနှင့် အစာမကြေခြင်းများ ဖြစ်နေပါက ရှောက်သီးတစ်စိတ်ကိုနုပ်နုပ်စဉ်းကာ ထန်းလျက်တစ်ဆယ်သားခန့်ဖြင့် ကျကျကျို ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန်တစ်ဝက်ခန့် သောက်ပေးရသည်။ ပြီးမနက် တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန်တစ်ဝက်ခန့် သောက်ပေးရသည်။ ရင်မရှင်းမလင်း ခြင်းများ၊ အစာမကြေ၊ လေအန် လေဆန်နေခြင်းများ သက်သာသွားမည်။

(၃) ခန္ဓာကိုယ်ရှိ အကြောများ အခံမရပ်နိုင်အောင် တက်ခြင်း။ အကျိတ်အဖု များထွက်ခြင်း၊ ပြင်းထန်စွာ ထိခိုက်လျက် အတွင်းကြေ ဒဏ်ရာ ရရှိခြင်းများ ဖြစ်ခဲ့လျှင် ရှောက်ရည် တစ်ဆ၊ နနွင်းမှုန့်တစ်ဆ၊ ထုံးတစ်ဆ
တို့ကို ရောလျက် မနက် ညတစ်ကြိမ်စီ လိမ်းပေးဖြင့် သက်သာ ပျောက်ကင်းသည်။

(၄) မီးယပ်အဆင်းများလျှင် မှူးဝေတက်သည်။ ရှောက်သီးနှင့် ထန်းလျက်ရောကာ ကျွေးပေးရသည်။

(၅) သွေးတိုး ရောဂါ၇ှင် များအတွက် ရှောက်သီး အလုံးကြီး တစ်လုံး၏ အတွင်းသားများ၊ ထန်းလျက်စိတ်သား ဆားခါးတစ်ဆယ်သား၊ ကွမ်း၇ွက်သတ္တုရည် တစ်ဆယ်သား တို့ကိုစုရော ထောင်းပြီး နေ့တစ်နေ့ လှန်းပေးရသည်။ မနက် ဟင်းစား ဇွန်းတစ်ဇွန်း၊ ညဟင်းစားတစ်ဇွန်း မှန်မှန် သောက်ခြင်းဖြင့် သွေးတိုးရောဂါမှ ပျောက်ကင်း စေပါသည်။

(၆) ရှောက်ခွံများကို ပါးပါးလှီးကာ အခြောက်လှန်းရသည်။ ခြောက်သွေ့သွားလျှင် မီးတောက် အရက်နှင့် ခုနှစ်ရက်စိမ်ထားရသည်။ လေငန်းကြောင့် ပါး၇ွဲ့၊ ပါးစပ်ရွဲ့၊ လက်ကပ်၊ လက်မြှောက်မရ၊ ခြေတစ်ဖက်ဆွဲများကို နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းသည်။

(၇)သနပ်ခါးကို ပျစ်ပျစ်သွေးပြီး ရှောက်ရည် မပြစ်မကျဲ ညှစ်ထည့်ပါ။ ထိုသနပ်ခါးကို နေ့စဉ်မှန်မှန်လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ပြီး ၀က်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်များ ပျောက်ကင်းစေသည်။

ဆေးဖက်ဝင်ရှောက်မြစ်

(၁) အနာ ပေါက်လာလျှင် ရှောက်ပင်မှ အမြစ်ကို တူးကာ ရေစင်အောင် ဆေးပြီး မကြာခဏ လိမ်းပါ။နုလျှင်ပိန် ရင့်လျှင်ပေါက် အမြန်ပျောက်သည်။

(၂) အကြာခဏအန်လျှင်ေ၇ှာက်မြစ်သွေး၇ည်နှင့် ပျား၇ည်ရောစပ်ကာ ဟင်းစားဇွန်းတစ်ဇွန်း တိုက်ပေးခြင်းဖြင့် အအန်ရပ်သွားမည်။

(၃) ကလေးများမကြာခဏ နို့အန်ရောဂါဖြင့်နေလျှင် ရှောက်မြစ်ကိုသွေးပြီး ၆လသားအတွင်း တစ်ပဲသားအထိ ကော်ဖီဇွန်းဖြင့် တိုက်ကျွေးပါ။

(၄) နှလုံးရောင်၊ လေထိုးလေပွ၊ လက်ပြင် ငုတ်ခြင်းနှင့် နာကျင် ကိုက်ခဲခြင်း တို့အတွက် ရှောက်မြစ်သွေးရည်၊ ပျားရည် ဆတူစပ်၍ ကာဟင်းစားဇွန်းတစ်ဇွန်းစာကို မနက်၊ ညတစ်ကြိမ်စီသောက်ပါ။

(မြန်မာတိုင်းရင်းဆေးဆရာမ လုပ်ဖို့ကြိုးစားနေတယ်လို့တော့ မထင်နဲ့နော် စေတနာနဲ့ရေးထားတာပါ။ နောက်ပြီး အဖေနဲ့အဘွားမှာသွေးတိုးရှိတော့ သူတို့ကိုကုပေးဖို့၇ည်၇ွယ်ထားပြီး ကူးထားတဲ့ဟာလေးကို ပြန်ပြီးရေးထားတာပါ ဘယ်သူေ၇းထားတာတော့မမှတ်မိတော့ဘူး။)