Showing posts with label တက်ဂ် ကြသည်ဆိုရာဝယ်. Show all posts
Showing posts with label တက်ဂ် ကြသည်ဆိုရာဝယ်. Show all posts

ဲဖြစ်လိုစား ကြုံသလိုစား



ဖြစ်သလို စားဆိုတဲ့ ခေါင်းစဉ်နဲ့ ညီမ နန်းညီ ကတက်ခိုင်းထားပါတယ်။ ကျွန်မက အစားအသောက်နဲ့ ပက်သက်ရင်ဂျီးမများ တက်ဘူး။ ဖြစ်သလို၊ ကြုံသလိုစားတက်တယ်။ အဲလို စားတက်တာလဲ ဘွားဘွားကျေးဇူးပေါ့ ၊ ငယ်ငယ်လေး ကတည်းက ဂျေးမများတက်အောင် အစုံကျွေးတာကိုး၊ ကျွန်မ ကိုယ်တိုင်ကလဲ ငယ်ငယ်လေးကတည်းက လူကြီးတွေ ဘာစားလဲ၊ အကုန်လိုက်စားချင်တာ၊ တို့စရာတွေစားရင်လဲ ဘယ်လို နေလဲ ဆိုပြီးလိုက်စားကြည့်တာ။ လူ့ သဘာဝအရတော့ ကောင်းတာမှစားချင်တာပေါ့။ ဒါပေမယ့်လဲ အခြေအနေ၊ အချိန်အခါအရ၊ ဒေသအလိုက် ဖြစ်သလို စားလိုက်ရတဲ့ အခါတွေရှိတာပေါ့။ အထူးသဖြင့် ခရီးသွားတဲ့ အခါ - မှတ်မှတ်ရရ မိန်းကလေး သူငယ်ချင်းတွေနဲ့ မန္တလေးကနေ မြစ်ကြီးနားကို ရထားနဲ့သွားတုန်းကပေါ့ .... သွားတဲ့ အမတွေ သူငယ်ချင်းတွေက နဲနဲ ချွေတာတက်တော့ ဈေးပေါတဲ့ ရထားလက်မှတ်ကို ၀ယ်တယ် ဒီတော့ ရထားကစုတ်ပြီး နဘားဘူတာ အလွန်မှာ ပျက်ပါလေရော ဘယ်ဘူတာနဲ့မှ မနီးတဲ့ တောကြီးမျက်မဲ ထဲမှာပါ။ ဒီတော့ ရထားပေါ်မှာ ပါလာတဲ့ ထမင်းဘူးဈေးသည်က ရောင်းကောင်းတာပေါ့...သူရဲ့ရောင်းမကောင်းတဲ့ ထမင်းဘူးတွေက အလုအယက်နဲ့ တက်တက်ပြောင်ပါလေရော။ ကြက်သားဟင်းက အနီရောင်ရဲတောက်တောက် ရေပေါလော၊ ကိုက်လို့လဲ မရဘူး မာလွန်းလို့ ထမင်းကလဲ သိပ်မနူးဘူး။ ဒါပေမယ့်လည်း အဲလို စားရတာကို ကံကောင်းတာ၊ ဗိုက်ဝရင် ပြီးရောဆိုပြီး ဖြစ်သလို စားလိုက်တယ် မစားရင်လဲ ငတ်မှာကိုး၊ တွဲ့စောင့်က ရထား က ဒီတောထဲမှာ တစ်ညလုံးပျက်မှာတဲ့။ မြစ်ကြီးနားသွား လမ်းမှာတင် ၂ ညအိပ်လိုက်ရတယ်။


နောက်တစ်ခရီးတစ်ခုရဲ ဖြစ်သလို စားချင်းက လွန်ခဲ့တဲ့ မတ်လကသွား ခဲ့တဲ့ အိန္ဒိယ ဘုရားဖူး ၊ သွားခဲ့ရတဲ့ ၂၂ ခရီးစဉ် လုံး ကားစီးပြီးတစ်နေရာ နဲ့ တစ်နေရာကို ကူးတဲ့ အချိန်တွေမှာ အဖွဲ့ ထည့်ပေးတာ ကြက်သားကြော်ပါပဲ။ တစ်ခါတလေ ကြက်ဥပြုတ် ၂ လုံး။ ပြီးတော့ သူတို့က ခရမ်းချဉ်သီးငပိချက်နဲ့ ငပိကျော်ကို ဗူးကြီးနဲ့ထည့်ထားကာ တစ်ယောက်ချင်းစီ လိုက်ထည့်ပေးပါတယ်။
ကားနဲ့ သွားတဲ့ အချိန်တိုင်း ဒါပဲစားရပါတယ်။ တစ်ခုဆိုးတာက အိန္ဒိယ ကဆိုင်တွေက အင်မတန် ညစ်ပတ်ပါတယ်။ ပြောမယုံကြုံဖူးမှ သိတာပါ။ ဒါတောင် ဆိုင်ကိုရွေးချယ်ပြီးရပ်တာပါ။ တစ်ချို့ဆိုင်လေးတွေက မဆိုးပါဘူးလေ၊ မှတ်မှတ်ရရ ၂ ဆိုင်ကတော့ ထမင်းကို ဖြစ်သလို စားပြီး ကားပေါ် အမြန်ပြေးတက်ခဲ့ရပါတယ်။ ဘယ်လိုဆိုးဝါးလဲ ဆိုတာတော့ မရေးတော့ပါဘူး၊ အိန္ဒိယ မသွားချင်ဘဲ နေနေဦးမယ်။

cheesecake
တရားစခန်းဝင်ရင် လည်းနိုင်ငံခြားကတရားစခန်းဆိုတော့ မြန်မာပါးစပ်နဲ့သိပ်မတည့်ပါဘူး။ နေ့တော်တော်များများမှာ ထမင်းတွေက မာနေတာ၊ ဟင်းချိုတွေက လဲအဆန်းတွေပေါ့ ဟင်းတွေက ခပ်ချိုချို ပြစ်ပြစ်တွေပါ။ ဒါပေမယ့်ပေါ့လေ၊ တရားလာထိုင်တာ မှတ်လား၊ ဖြစ်ပျက်ရှုပြီး စားလိုက်တယ် ..ဟီး

အခုလား ..အခုလဲဖြစ်သလို စားနေတာ။ ဘာလို့လဲ ဆိုတော့ ဆီမရှိလို့။ ဘာလို့ဆီမရှိလဲ ဆိုတော့ ၀ယ်ရမှာပျင်းလို့။ ဘာလို့ပျင်းလဲဆိုတော့ အဖြေမရှိ.. ဟီး..သူငယ်ချင်းက သူဟာသုံးတဲ့ အားနာပါတယ်။ ပစ္စည်းသုံးရင် အစွဲအလန်းကြီးတယ်၊ ဒီဆီဆို ဒီဆီမှ၊ ဒီတော့ ဘာစားလဲ တူနာငါးသုတ်၊ ငပိသုတ်၊ ငါးသေတ္တာသုတ်၊ ကြက်အူချောင်းကို မိုက်ခရိုဝေနဲ့ ကြော်တယ် တစ်ခါတလေ ဟင်းချိုကို အမြန်လေးလုပ်လိုက်တယ်။ ခေါက်ဆွဲထုတ်တွေနဲ့ ညားတာ ကလဲ ခဏခဏပဲ ။ ဆီရှိနေရင် ဟင်းချက်နေရဦးမယ်။ အခုတော့ ပြီးရော ကိစ္စအေးတယ်။
:ti:

ကိုယ်ကိုတက်ရင် ပြန်တက်ပေးရတယ် ဆိုလို့ ကိုမျိုးဗညားဦး၊ နောက် ရွှန်းမီ တို့ တက်ပေးကြပါ။ ပြန်မတက်ပေးရင်ဘာဖြစ်တက် လဲမသိ၊ သိရင်ဖြေပေးကြ ဦးနော်။
coffeecake



မသေခင် ၁၀ ၇က်အတွင်းဘာလုပ် ကြမလဲတဲ့



မသေခင် ၁၀ရက် အတွင်းဘာလုပ်ကြမလဲတဲ့။ Dream တက်ဂ်ဖို့ပေးတဲ့ မေးခွန်းလေးပါ။ ဒီလိုကြိုသိခဲ့ရင် တော်ရုံလူဆိုရင်တော့ အတော်လေးကို တုန်လှုပ်မိမှာပါပဲ။ ဒီမေးခွန်းကဖြေဖို့ ကျွန်မအတွက်တော့ တော်တော်လေးကို ခက်ခဲပါတယ်။ ခက်ခဲပေမယ့် အတက်နိုင်ဆုံးဖြေပါ့မယ့်။ ကျွန်မအထင်ပေါ့လေ နောင်ဖြစ်လာမယ့် ရှေ့ရေးတွေကိုဘယ်သူမှကြို တင်ပြီး မသိနိုင်ဘူးလို့ ထင်ပါတယ်။ ဘယ်လိုဝဋ် ကြွေးတွေနဲ့ သေမယ်ဆို တာလဲ မသိနိုင်ပါဘူး။ ဒါပေမယ့် သိခဲ့ပြီး ကြိုတင်ပြင်ဆင်လို့ ရခဲ့ရင်တော့ ကောင်းတာပေါ့နော်၊ အသေဖြောင့်အောင်တော့ အခုကထဲက ကောင်းမှုကုသိုလ်တွေ အလှူအတန်းတွေလုပ်ပါ့မယ် မျက်လုံးတစ်စုံပဲ ဖြစ်ဖြစ်လှူခဲ့ချင်ပါတယ်။ ရှိသမျှဝဋ်ကြွေးတွေကိုလဲ တက်နိုင်သလောက်ခြေခဲ့ ချင်ပါတယ်။ မသေခင် စိတ်ထားတက်အောင် ၀ိပဿနာပဲ ဖြစ်ဖြစ်လေ့ကျင့် ထားချင်ပါတယ်။ မသေခင်လေးမှာစိတ်က အရေးအကြီးဆုံးလို့ထင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ ဘာတစ်ခုနဲ့မှ မသေချင်ပါဘူး။ ဖြစ်နိုင်ရင် အသက်ဆက်လို့ရခဲ့ရင် ဆက်ချင်ပါသေးတယ်။ ဟားဟား..လူ့ဘ၀ဆိုတာရခဲတာကိုး၊ ဒီလောက်ပဲနော်။