Showing posts with label လှဖို့အရေး. Show all posts
Showing posts with label လှဖို့အရေး. Show all posts

မျက်နှာလေးဝင်းပလှပစေဖို့



Cleaning အရင်လုပ်ပါ။

မျက်နှာပေါ်က သနပ်ခါး၊ မိတ်ကပ်နဲ့ ချေးညှော်များကို ဖယ်ရှားပစ်ဖို့ အတွက်ဖြစ်ပါတယ်။ အဲဒါကို ဖယ်ရှားပစ်ဖို့ အတွက် မိမိသုံးနေကျ ဖြစ်ပြီး ကိုယ့်အသားအရေ နဲ့ သင့်တော်တဲ့ Cleaning Milk တစ်မျိုးကို အသုံးပြုပြီး ဖယ်ပစ်ပါ။ ပြီးတော့ မျက်နှာကို Massage လုပ်ပြီး နှိပ်နယ်ပေးပါ။

Peeling လုပ်ပါ။

မျက်နှာပြင်ပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပစ်ဖို့ Peel လုပ်ဖို့ အတွက် ကိုယ်နှစ်သက်ရာ Lotion တစ်မျိုးမျိုးကို မျက်နှာအနှံလိမ်းထား ရပါမည်။ ခြောက်သွေ့သွားတဲ့ အခါ ဂွမ်းမှာရေ ဆွတ်ပြီး ဖယ်ရှားပစ်ပါ။


Steaming ကတတိယအဆင့်ပါ

ကိုယ့်ရဲ့ မျက်နှာဟာ အဆီပြန် ပြီး ဆားဝက်ခြံတွေသိပ်များ နေတယ်ဆိုရင်တော့ ဒီအဆင့် ကိုဆက်လုပ်သင့် ပါတယ်။ ရေနွေးပူပူကို အ၀ကျဉ်းတဲ့ ဇလုံတစ်ခု မှာထည့်ပါ။ ပြီးတော့ ဇလုံအ၀ကို ပ၀ါပါး တစ်ခုနဲ့ အုပ်ထားပါ။ ပြီးတော့မှ အဲဒီပ၀ါစအထက် ကနေထွက်နေတဲ့ ရေနွေးငွေ့ နဲ့မျက်နှာပြင်ကို ထိတွေ့ စေရပါမယ်။ သုံးမိနစ်ကနေ ငါးမိနစ်ခန့် လုပ်ပေးပါ။ ပြီးတော့ ဆားဝက်ခြံ တွေကို ညှစ်ပေးပါ။


Mark ကစတုတ္ထ

ချေးထုတ်ပြီး ၀က်ခြံညှစ်ပြီးသား မျက်နှာပြင်ကို ရရှိသွားပါပြီ။ ဒါပေမယ့် မျက်နှာကို တင်းရင်စေဖို့ နဲ့ အစိုဓာတ်ရရှိစေဖို့ ကတော့ ပေါင်းတင်ပေးရပါမယ်။ ကိုယ့်ဘာသာ အိမ်မှာ ပေါင်းတင်လို့ရတဲ့ နည်းများမှာ

အဆီပျံလွန်တဲ့ အသားရည်

ကြက်ဥ အကာနဲ့ သံပရာရည်ကို သမအောင် ရောပြီး မျက်နှာမှာလိမ်းပါ။ ပြီးတော့ အပေါ်ကနေ တစ်ရှုး ပါးပါးလေး အုပ်ထားပါ။ ဒီနည်းအတိုင်း ဆယ့်ငါးမိနစ်လာက်နေပေးပါ။

ခြောက်သွေ့တဲ့ အသားရည်

ကြက်ဥအနှစ်နဲ့ သံပရာရည်ကို သမအောင် ရောပြီးမျက်နှာမှာလိမ်းပါ။ ပြီးတော့ အပေါ်ကနေ တစ်ရှုး ပါးပါးလေးအုပ်ထားပါ။ ဒီနည်းအတိုင်း ဆယ့်ငါးမိနစ်လောက်နေပေးပါ။

သာမာန် အသားရည်

သဘာဝပျားရည် စစ်စစ်နဲ့ မျက်နှာကို ထူထပ်စွာ လိမ်းပြီး ဆယ့်ငါးမိနစ်လောက် Mark လုပ်ထားပါ။ ဒါဆိုရင် Cell အသေများကို ဖယ်ရှားနိုင်ပြီး အသားရည် အညီညာမှုတွေကို လည်းပျောက်ကင်းစေနိုင်ပါတယ်။ သင့်တော်ရာနဲ့ Mark လုပ်ပြီးတော့ မျက်နှာကိုရေသန့်သန့် နဲ့ ဆေးကြောပါ။ ဒါဆိုရင် မျက်နှာလေးဟာ ထူးခြားစွာ ကြည်လင်ဝင်းလဲ့ လာပါပြီ။ အားလုံး ပြီးသွားပြီ ဆိုရင်တော့ ချွေးပေါက်များကို ပုံမှန်အတိုင်းဖြစ်စေဖို့ နဲ့ တင်းရင်းစေဖို့ Toning Lotion ကို ဂွမ်းနဲ့တို့ ပြီး မျက်နှာ အနှံ့လိမ်းပေးရပါမယ်။ ပြီးမှ မလိမ်းမဖြစ် Moisturizer တစ်ခုခု ကိုလိမ်းပါ။ ဒါဆိုရင် မျက်နှာကို လုံးဝ Facial လုပ်ပြီးသွားပြီ။

Facial လုပ်ပြီး မျက်နှာ နုနယ်နေစဉ်မှာ နေရောင်နဲ့ ချက်ချင်းမထိတွေ့သင့်ပါဘူး။ ၃နာရီလောက် အချိန်ပေးပြီးမှ အပြင်ထွက်သင့်ပါတယ်။ မိတ်ကပ်၊ ပေါင်ဒါတွေကို လည်းချက်ချင်း မလိမ်းသင့်ပါဘူး။


(ကျွန်မကိုယ်တိုင် အသုံးပြုနေတဲ့ နည်းဖြစ်ပါတယ်။ ပိုက်ဆံသိပ်မကုန်ပဲ အိမ်မှာတင်ပေါင်းတင်လို့ရတဲ့နည်းပါ။ အချိန်ရရင် လုပ်ကြည့်ပါနော်။ )


လှစေချင်သူ






A-Almond Oil ဗာဒံသီးအဆီ
မျက်နှာသန့်စင်ရာတွင် အကောင်းဆုံးအဆီ ဖြစ်ပါသည်။ အဆီပြန်ခြင်း နှင့်ဝက်ခြံ၊ တင်းတိတ်များကို ပျောက်ကင်းစေပြီး အသားအရေကို ချောမွေ့ နုးညံ့ စေပါသည်။ ထို့ကြောင့် ဗာဒံသီး အဆီဖြင့် မျက်နှာကို ပွတ်လိမ်းပေးပါ





B-Baking Soda မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ ထမင်းစာဇွန်း တစ်ဇွန်းခန့်ကို ရေနွေးထဲထည့် ပြီးမွှေပြီး ခြေထောက်ကို စိမ်ပေးလျှင် ခြေထောက်နာကျင်ကိုက်ခဲ မှုများကို သက်သာပျောက်ကင်း စေပါသည်။ ခြေထောက်မှ အနာအဆာများကို ပျောက်ကင်းစေ၍ ချောမွေ့နုးညံ့လာစေပါသည်။





E-Egg White ကြက်ဥအကာ
မျက်နှာအသားအရေ တင်းရင်၍ ချောမွေ့စေရန်း မျက်နှာပေါ်တွင် လိမ်းကျံပေးပါ။






0-0at Meal အုတ်ဂျုံ
အုတ်ဂျုံကို ထမင်းချက်သကဲ့သို့ ချက်ပြီးပျားရည် တွင်စိမ်ပါ။ အဲဒါကို မျက်နှာတွင် လိမ်းကျံပေးပါက မျက်နှာ အဆီပြန်ခြင်းမှ ပျောက်ကင်း သက်သာစေနိုင်ပါသည်။






I-Ice Cubes ရေခဲတုံးလေးများ
မျက်နှာနှင့် လည်ပင်းတွင် ပိတ်ဆို့နေသော ချွေးသီးပေါက်ကလေးများကို ရေခဲတုံးဖြင့် အုံပေးပါက ချွေးပေါက်ပွင့်ပြီး အခိုးအငွေ့ထွက်ကား ကျန်းမားလန်းဆန်းစေပါသည်။




M-Milk နွားနို့

နွားနို့ဖြင့် ရေချိုးသကဲ့သို့ ချိုးခြင်းဖြင့်၊ ခြေလက် ဆေးကြောသန့်စင်ခြင်း၊ ပွတ်လိမ်းပေးခြင်းဖြင့် ခြေလက်များ နုးညံ့ ပျော့ပျောင်းစေပါသည်။







S-Strawberries စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီးကို ပါးပါးလှီး၍ အရေပြားပေါ်ရှိ မှဲ့ခြောက်တင်းတိတ်များကို အုံပေးပါက ပျောက်ကင်းစေနိုင်ပါသည်။ အညိုအမဲ အကွက်များရှိလျှင်လည်း အုံပေးပါက ပျောက်ကင်းစေပါသည်။



F-Fasting

တစ်လတွင် တစ်ရက်သတ်မှတ်ကာ ထိုနေ့တွင် အစာမစားဘဲ အရည်ရွမ်းသော သစ်သီးရည်များ ကိုသောက်သုံးပေးပါ။ ဤနည်းဖြင့် ခန္ဓာကိုယ် မှအဆိပ်အတောက်များ ကင်းစင်စေပြီး အသားရေ စိုပြည်လှပစေပါသည်။






L-Lemon Juice သံပရာနှင့် ရှောက်ချိုသီးအရည်
အရေပြားကို ပွတ်လိမ်းပေးပါက အရေပြားမှ အညိုကွက်၊ အမည်းကွက်များ အစွန်းအထင်းများပေကျံ ပျောက်ကင်းစေသည်။ မှဲ့ခြောက်နှင့် ညုင်းများ ပျောက်ကင်း၍ ချောမွေ့လှပလာစေပါသည်။


(မဂ္ဂင်းဇင်းတစ်အုပ်မှ ကူးယူဖော်ပြခြင်းသာ...)