မသေခင် ၁၀ရက် အတွင်းဘာလုပ်ကြမလဲတဲ့။ Dream တက်ဂ်ဖို့ပေးတဲ့ မေးခွန်းလေးပါ။ ဒီလိုကြိုသိခဲ့ရင် တော်ရုံလူဆိုရင်တော့ အတော်လေးကို တုန်လှုပ်မိမှာပါပဲ။ ဒီမေးခွန်းကဖြေဖို့ ကျွန်မအတွက်တော့ တော်တော်လေးကို ခက်ခဲပါတယ်။ ခက်ခဲပေမယ့် အတက်နိုင်ဆုံးဖြေပါ့မယ့်။ ကျွန်မအထင်ပေါ့လေ နောင်ဖြစ်လာမယ့် ရှေ့ရေးတွေကိုဘယ်သူမှကြို တင်ပြီး မသိနိုင်ဘူးလို့ ထင်ပါတယ်။ ဘယ်လိုဝဋ် ကြွေးတွေနဲ့ သေမယ်ဆို တာလဲ မသိနိုင်ပါဘူး။ ဒါပေမယ့် သိခဲ့ပြီး ကြိုတင်ပြင်ဆင်လို့ ရခဲ့ရင်တော့ ကောင်းတာပေါ့နော်၊ အသေဖြောင့်အောင်တော့ အခုကထဲက ကောင်းမှုကုသိုလ်တွေ အလှူအတန်းတွေလုပ်ပါ့မယ် မျက်လုံးတစ်စုံပဲ ဖြစ်ဖြစ်လှူခဲ့ချင်ပါတယ်။ ရှိသမျှဝဋ်ကြွေးတွေကိုလဲ တက်နိုင်သလောက်ခြေခဲ့ ချင်ပါတယ်။ မသေခင် စိတ်ထားတက်အောင် ၀ိပဿနာပဲ ဖြစ်ဖြစ်လေ့ကျင့် ထားချင်ပါတယ်။ မသေခင်လေးမှာစိတ်က အရေးအကြီးဆုံးလို့ထင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ ဘာတစ်ခုနဲ့မှ မသေချင်ပါဘူး။ ဖြစ်နိုင်ရင် အသက်ဆက်လို့ရခဲ့ရင် ဆက်ချင်ပါသေးတယ်။ ဟားဟား..လူ့ဘ၀ဆိုတာရခဲတာကိုး၊ ဒီလောက်ပဲနော်။
9 hours ago
2 comments:
သာဓု...သာဓု..သာဓု...
ဟီးဟီး...
အစာအိမ်ကင်ဆာနဲ့ သူငယ်ချင်းတယောက်က သူမသေခါနီးမှာ ဘာလုပ်ပေးရမလဲ နောက်ပိုင်းကော မပြီးပြတ်သေးတာတွေ နောက်ဆံတင်းနေတာရှိရင် လုပ်ပေးမယ် ဘာလုပ်ပေးစေချင်လဲမေးတော့ သူ့အတွက် ဘာမှ မလုပ်ပေးပါနဲ့ ကိုယ့်အတွက်ပဲ ကိုယ်ဝိပဿနာကိုပဲ လုပ်ပါ။ ကျန်တာတွေအကုန်လုံးက သံသရာရှည်စေတာချည်းပဲ ဘာမှ အပိုတွေလိုက်မလုပ်နေပါနဲ့တဲ့။ သူမလည်း အေးအေးဆေးဆေး တရားမှတ်ပြီး ဘ၀ကူးချင်လို့ နောက်ထပ်သူ့ကို ဘာမှလာမမေးနဲ့တော့လို့ ပြောပြီး နောက် သုံးလေးနာရီကြာမှာ သူအသက်ထွက်သွားတယ်။ အခုလည်း ၁၀ ရက်လေးပဲ အချိန်ရတော့တယ်ဆိုတော့ ဘာမှ လုပ်ဖို့အချိန်မရတော့ဘူး။ သွားလေသူ သူငယ်ချင်း စကားအတိုင်း ပြန်ပြောရရင်တော့ တခြားတွေ လိုက်လုပ်နေရင်လည်း သံသရာရှည်တာတွေပဲ ဖြစ်မယ် ဒါကြောင့်မို့ တရားပဲ အာရုံရသလောက်မှတ်သင့်တယ် ထင်တယ်။
Post a Comment