မလေးရှားရှိ တရားစခန်းအကြောင်း


မလေးရှားရှိ တရားစခန်း

ဘလော့ဂ်ကို ပြစ်ထားတာ ကြာသွားပြီဆိုတော့ တစ်ခုခုရေးဦးမှ၊ ဘာရေးရမယ် မှန်းစဉ်းစား လို့မရလို့ပါ။ မလေးရှား သွားခဲ့တဲ့ အကြောင်းကိုပဲ ရေးတော့မယ်။ ကျွန်မတို့ မလေးရှားကို ၂၉/၈/၂၀၀၈ မှာ စင်္ကာပူ မှ ည ၁၀ နာရီလောက်မှာ ထွက်ဖြစ်ပါတယ်။ အဖွဲ့ဝင်စုစုပေါင်း ၂၆ ပါ။ အကုန်လုံး Old Student တွေပါပဲ။ ကျောင်းသားဟောင်းဆိုတဲ့ သဘောကတော့ အကုန် ၁၀ ရက်တရား စခန်း ၀င်ခဲ့ဘူးသူတွေပါ။ တချို့လဲ၁၀ ကြိမ် အထက် ၀င်ဘူးသူတွေပါပါတယ်။ အားကျဖို့လဲ ကောင်းပါတယ်။ တချို့ဆို India မှာ ရက် ၃၀ စခန်းဝင်ဘူးသူ တွေလဲပါပါတယ်။ ကျောင်းသားဟောင်းတွေပဲ သွားခွင့်၇ှိပါတယ်။ Serve လုပ်ချင်ရင်လဲ အနည်းဆုံး၁၀ရက် တရားစခန်း အရင်ဝင်ရပါတယ်။ သွားခဲ့တဲ့အထဲမြန်မာ ကတော့ ကျွန်မရယ်၊ ကျွန်မသူငယ်ချင်း မီမီရယ်၊ သူငယ်ချင်းဆရာဝန် အမရယ် မြန်မာမိန်းကလေး ဆိုလို့၃ယောက်ပါပဲ၊ မြန်မာယောကျာ်းလေး ၃ ယောက် စုစုပေါင်းမြန်မာ ၆ယောက်ပေါ့။ ကျန်တာတွေကတော့ စင်္ကာပူ လူမျိုးတွေနဲ့၊ မလေးတချို့တ၀က်ပေါ့။ ည၁၀ နာရီလောက်မှာ စင်္ကာပူ မှစထွက်ပါတယ်။ ဗင်ကား၂စီးနဲ့ပါ။ Johor ကို ၁၁ ခွဲလောက်မှာရောက်ပါတယ်။ Immegration Check point မှာကြာသွားလို့ ၊ ကြာဆို မလေးကို တစ်ခါမှမရောက်ဘူး တဲ့သူတွေကျနေတာပဲ၊ အရမ်းရီရတယ်၊ မလေးလူမျိုးတွေတန်းစီတဲ့နေရာမှာ သွားတန်းစီကြတယ်။ တစ်ခါတစ်လေပေါ့ အဲလို အူကြောင်ကြောင်နိုင်ကြပါတယ်။ ပြီးတော့မှဝင်လို့မ၇တော့မှ All passport ဆိုတဲ့နေ၇ာမှာတန်းစီ ရမှာတဲ့။ ဒီလိုနဲ့ပဲအချိန်တွေတော်တော် ပုပ်သွားပါတယ်။ တရားစခန်းကို မနက် ၄ ခွဲမှာရောက်ပါတယ်။ ကားပေါ်မှာ အိပ်လို့မရလို့ မအိပ်ခဲ့ရပါဘူး။

နေရတဲ့ပုံစံ ကတော့ တစ်ယောက်ကို တစ်ခန်းပါ။ Bath room and toilet တွဲပါပြီး သားပါ။ ပြထားတဲ့ပုံမှာ လေ့လာနိုင်ပါတယ်။
ဒါကတော့ ကျွန်မနေခဲ့ရတဲ့ အဆောင် F3 ပါ။


ဒါကတော့ တစ်ယောက်ခန်းလေးပေါ့ လေ့လာနိုင်ပါတယ်။


မို့ရာ၊ ခေါင်းအုန်း၊ ပန်ကာ၊ ရေပူရေအေး၊ ထီး၊ မို့ရာအစွတ်၊ အကုန်စီစဉ်ပေးထားပါတယ်။ ပြောရရင်တော့တော်တော်လေး ကိုပြည့်စုံပါတယ်။

အကြောင်းအရင်း

သွားရတဲ့ အကြောင်းအရင်း ကတော့ Meeting သဘောပါပဲ။ ဒီတရားစခန်း၇ဲ့တည်ထောင်သူကတော့ ဆ၇ာကြီး ဂိုအင်ဂါပါ။ အပြည်ပြည်ဆိုင်ရာက အလှူငွေတွေလဲပါပါတယ်။ ဒီမြေကိုတော့ မလေး၇ှားသူဋ္ဌေးတစ်ယောက်က လှူခဲ့ခြင်း ဖြစ်ပါတယ်။ အခုအကြောင်းအရာကတော့ Dhamma Workshop 2008 @ Dhamma Malaya ပါတဲ့။ တစ်နေ့ကို ၄ကြိမ် တရားထိုင်ရပါတယ်။ အချိန်တွေကတော့ မက် ၅ ခွဲမှ ၆ ခွဲထိ တစ်ကြိမ် တရားထိုင်ရပါတယ်၊ ပြီးတော့ Breakfast ကျွေးပါတယ်။ ကျွေးတာကတော့ သက်သက်လွတ် တွေချည်းပါပဲ။ ပြီးနောက် မနက် ၈နာရီမှ ၉ နာ၇ီအထိ တစ်ကြိမ်ထိုင်၇ပါတယ်။ နေ့ခင်း ၂ ခွဲ မှ ၃ ခွဲ မှာ တစ်ကြိမ်၊ ညနေ ၆ နာရီ မှ နာရီတစ်ကြိမ်၊ ကျန်တာတွေကတော့ Tea Break ၂ ချိန် dinner and lunch ချန်ပြီး ကျန်တဲ့ အချိန်တွေမှာ အုပ်စုလိုက် ဆွေးနွေးရပါတယ်။ စုစုပေါင်း မိန်းကလေးကြီးပဲ ၇၀ လောက်ရှိမယ်ထင်ပါတယ်။ အုပ်စုလေးစု ခွဲလိုက်ပါတယ်။ Chinese လိုဆွေးနွေးတဲ့ အုပ်စုက၂ အုပ်စု၊ English လိုကတော့ ၂ အုပ်စုပါ။ ကျွန်မတို့ကတော့ English လိုအုပ်စုထဲမှာပါ။ Question and Answer ဖြေတဲ့ပုံစံမျိုး ပါပဲ။ အဓိကကတော့ မေးခွန်းလေးပဲေ၇းပြပါတော့မယ်။ Why do you choose to serve a course? ကျွန်မဖြေလိုက်တာကတော့ ငါ့ရဲ့ပါရမီကို ဖြည့်ဆည်းချင်လို့ပါပဲ.....လို့ဖြေလိုက်ပါတယ်။ အဲဒီမှာကိုယ်စိတ်ထဲမှာ ရှိတာကို ပွင့်ပွင့်လင်းလင်း ဖြေလို့ရပါတယ်။ ရှက်နေ ကြောက်နေစရာ မလိုပါဘူး။ ကျွန်မတို့ကလဲ အင်္ဂလိပ်စကား သိပ်အကောင်းကြီးတော့ မဟုတ်ပါဘူး။ နားထောင်တာ ပိုများပါတယ်။ ပျော်ဖို့လဲကောင်းသလို၊ စိတ်လဲအတော်လေးကို ချမ်းသာခဲ့ပါတယ်။ စိတ်ချမ်းသာဆို အရမ်းကိုသာယာတာကို....ပုံလေးတွေကိုကြည့်လိုက်ပါဦး.. ဘယ်လောက်သာယာသလဲ ဆိုတာကို... ဒါကတော့မနက် ၆နာခွဲမှာ ရိုက်ထားတဲ့ပုံပါ။


ဒါလေးကလဲ မနက်စာသွားပြီးတော့ပြန်လာရင်း ရိုက်လိုက်တာပါ။

တရားထိုင်ရတဲ့ ဓမ္မဟောကို လဲပြချင်ပါသေးတယ်။

ဒါကတော့တရားထိုင်ရတဲ့နေရာပါ။
မလေးရှားကိုတော့ ဒါနဲ့ဆို ၃ခေါက်ပါ။ ပထမဆုံးက ၁၀ရက်တ၇ား စခန်းသွားဝင်တာပါ။ သူငယ်ချင်းမီမီနဲ့ပါပဲ။ မီမီနဲ့ကျွန်မနဲ့က တော်တော်လေးကို ရေစက်ပါပါတယ်။ ဘယ်သွားသွား အတူတူပါပဲ၊ ဒုတိယ တစ်ခေါက်ကျတော့ မြန်မာမိန်းကလေးတွေးချည်းပဲ ဒီတရားစခန်းမှာ အပင်သွားစိုက်ကြတာပါ။ အဲဒီတုန်းက တရားစခန်းစလုပ်နေတုန်းပါ၊ KL ကိုမရောက်ဘူးသေးပါဘူး။ မလေးကိုရောက်ဘူးတယ် ဆိုရုံပေါ့။ အတွေ့အကြုံအရ မလေးရှားက အဖွဲ့နဲ့သွားမှကောင်းပါတယ်။ သိပ်ပြီးတော့ လုံခြုံမှူမရှိပါဘူး။ ဒီတရားစခန်းဟာလဲ အစိုးရ ကတရားဝင်ခွင့်မပြုသေး ဘူးလို့ကြားပါတယ်။

အခုသွားခဲ့တဲ့ ခရီးစဉ် ကတော့ ၂ညအိပ် ၃ရက်ခရီးပါ။ စင်္ကာပူကို ၃၁/၈/၂၀၀၈ ည ၁၀လောက်မှာ ပြန်ရောက်ခဲ့ပါတယ်။ တကယ်လို့ များအဲဒီမှာ ၁၀ ရက်တရားစခန်း ၀င်ချင်ရင်တော့ ဒီကို ဆက်သွယ်လိုက်ပါ။ တရားစခန်းဝင်မယ် ဆိုရင်ကားနဲ့သွားရင် ကားခ၊ ရထားနဲ့သွား၇င် ရထားခ ဒါပဲကုန်မှာပါ။ တရားစခန်း ၀င်ကြေးမရှိပါဘူး။ တရားစခန်းပြီးမှသာ စေတနာ ရှိသလောက်လေးပဲ လှူရင်ရပါတယ်။ မလှူနိုင်ရင်လဲ ကိစ္စ မရှိပါဘူး။ အခုလာမယ့် အောက်တိုဘာမှာ မြန်မာ၊ အင်္ဂလိပ် ၁၀ ရက်စခန်း ရှိပါတယ်။ အချိန်ပေးပြီးဖတ်သွားတဲ့ သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

City Office: Malaysia Vipassana Meditation Society, No. 30A, Jalan SM12, Taman Sri Manja,
Off Jalan Klang Lama, Batu 6 1/2, 46000, Petaling Jaya, Selangor, Malaysia
Phone: [60](016) 341 4776 (English Enquiry) [60](012) 339 0089 (Mandarin Enquiry)[60] (019) 237 8513 (Tamil enquiry)
Fax: [60](03) 7785 1218 Email: info@malaya.dhamma.org

9 comments:

Dream said...

မမမုဒိတာရေ..တရားစခန်းလေးကိုစိတ်ဝင်စားသွား
တယ်။နောက်တခေါက်သွားရင်ပြောပါဦး...
နော်...
Dream လည်းလိုက်ဝင်ချင်တယ်.....
အဲဒီအခါကျရင်အလုပ်လည်းခွင့်ယူလို့ရပါစေလို့
ဆုတောင်းပြီးစောင့်နေမယ်နော်အစ်မ

ပန်းခရမ်းပြာ said...

တရားစခန်းလေးကိုစိတ်ဝင်စားသွား
တယ်။ အထူးသဖြင့် တယောက်တစ်ခန်း Bathroom attached ဖြစ်လို့။ တရားသာထိုင်ချင်တာ အတ္တကကြီးတာ အဲလို.. ဟဲဟဲ .. တရားထိုင်နည်းသင်တန်းတော့ တတ်ဘူးတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာ ထိုင်ကြည့်တာ မရဘူး။ အဲဒီမှာကော ဒို့လို Beginner အတွက် ထိုင်နည်း သင်ပေးလား။

မိုးမြင့်တိမ် said...

မုဒိတာရေ ကျွန်တော်လည်းအရင်တုန်းက တရားစခန်တွေမှာ တရားထိုင်ဘူးပါတယ် မုဒိတာ အခုသွားတဲ့ တရားစခန်းက ဘယ်လိုထိုင်နည်းနဲ့ တရားမှတ်တာလဲ ပြည့်ပြည့်စုံစုံလေးရေးပြပေးစေလိုပါတယ် ကျွန်တော်ထိုင်ခဲ့ဘူးတာကတော့ အနာဂါမ်ဆရာသက် ကြီးရဲ့ နည်းပါ ၀င်လေထွက်လေကို နှာသီးဝမှာကပ်ပြီး မလွတ်အောင်ရှုတဲ့နည်းပါ။ မဟာစည်သာသနာ့ရိပ်သာမှာတော့ အသက်ရှုသွင်းရှုထုတ်တိုင်း ပိန်ခြင်းဖောင်းခြင်း ဖြစ်ပေါ်တဲ့ ၀မ်းဗိုက်မှာကပ်ပြီး မလွတ်အောင်ရှုတဲ့နည်းပါ အခုသူတို့ကော ဘယ်လိုနည်းမျိုးအသုံးပြုသလဲဆိုတာကို သိချင်ပါတယ်
ကျွန်တော့ ဘလော့ခ်က www.moemyinttane.blogspot.com ပါ။

မုဒိတာ said...

Dreamေ၇ခေါ်ချင်ပါတယ်။ အခုလိုသွားမယ်ဆို၇င်
သူတို့က ကျောင်းသားဟောင်းပဲ
ခွင့်ပြုပါတယ်။ စိတ်ဝင်စားမယ်
ဆို၇င် ၁၀၇က်စခန်းအ၇င်ဝင်လိုက်ဦးနော်
ပန်းခ၇မ်းပြာေ၇ သင်ပေး၇မယ်ဆိုလဲ ဖြစ်ပါတယ်
ဘာပဲပြောပြောဒါကို
စိတ်ဝင်စားသွားတယ်ဆို၇င်ပဲ
ဝမ်းသာပါတယ်

မုဒိတာ said...

ဟုတ်ကဲ့ အစ်ကိုကိုမိုးမြင့်တိမ်

အ၇င်ဆုံး ၁၅ မိနစ်လောက်က

စိတ်ငြိမ်အောင် အာနာပါနကို

အ၇င်လုပ်၇ပါတယ်။

အာနာပါနဆိုတာကတော့

အစ်ကိုပြောသလိုပဲ ၀င်လေသိ

ထွက်လေသိပေါ့ နောက်တော့ဝိပဿနာ

တက်ပါတယ်။ ငယ်ထိပ်ကနေခြေဖျားထိ

ခန္ဓာကိုယ်မှာ ဖြစ်သမျှတွေကို ကြည့်နေတာပါ

တုံပြန်မှူမလုပ်ပဲ ဥပေက္ခာနဲ့ကြည့်နေတာပါ။

အဲဒီအခါငြိမ်းအေးလို့ သုခဝေဒနာတွေပေါ်လာမှာပါ

ဒါကိုလဲ ၀မ်းသာကာပီတိနဲ့ တုံပြန်မနေပါနဲ့

ဆက်လက်ပြီးတော့သာ သတိနဲ့သာနေပါ။

ကျွန်မက ဘာမှမဟုတ်သေးပါဘူး

တက်သလောက်သေး ပြောပြကြည့်တာပါ။

တ၇ားစခန်းတွေကတော့ အကုန်ကောင်းတာ

ချည်းပါပဲ။

မိုးမြင့်တိမ် said...

မုဒိတာရေ အခုလို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးတာကျေးဇူးတင်ပါတယ် နောက်လည်းဒီလို ပိုစ့်လေးတွေ တင်ပေးပါဦးနော်

Anonymous said...

ငါ အမကတော့ လုပ်တယ်ဟေ့  ...
ကောင်းသောလုပ်ချင်းဖြစ်လို့  မောင်လေးဂုဏ်ယူ
ပါတယ် ... နောင်ဒီထက်မက လုပ်နိုင်ပါစေဗျာ..
ကျွန်တော် တို့ မသိသေးတဲ့ ဗဟုသုတ တစ်ခုတိုး
တာပေါ့ .. ကျေးဇူးပဲ မနယ်သူရေ ...
(ပြောသာပြောရသာ .. ငါ့ အမ ကတော့ ဒီတိုင်းဆို
အပျိုကြီးဖြစ်တော့ မှာပဲ .. ဟီးဟီး)

ဇနိ said...

တရားအလုပ်လုပ်နိုင်တာ အတော်ကောင်းပါတယ်..
ဒေသဆိုင်ရာ ဗဟုသုတတွေ ရတဲ့ ပို့စ်ပါ...
ဝေမျှတာ ကျေးဇူးတင်ပါတယ်

Shinmin said...

သာဓု သာဓု သာဓု ပါ။
ရှင်မင်းလဲ server အနေနဲ့ ၀င်ဖို အစီအစဉ်ရှိပါတယ်။
ထိုင်ဖြစ်တာတော့Dhammadipa uk , မှာပါ။ တရားစခန်းပုံလေးတွေ
ကြည့်ရဖတ်ရတာတကယ်ကြည်နူး စရာပါပဲ။
ဒီထက်မက တ၇ားအစစ်အမှန်တွေ ကျင့်ကြံပွားများနိုင်ပါစေ။