ဗုဒ္မ္မဂါယာ ခရီးစဉ်(၂)


မိဂဒါဝန်သို့
ဗာရာဏသီမြို့မှ ၆မိုင်ခန့် ကွာဝေးတဲ့ မိဂဒါဝန်သို့ ခရီးဆက်ခဲ့ပါတယ်။ မိဂဒါဝန်သည် မိဂဒါယမှ ပြောင်းရွှေ့ လာသောစကားဖြစ်သည်။ (မိဂ=သမင်၊ ဒါယ=တော) သမင်တို့ကို ဘေးမဲ့ပေးရာတော။ မိဂဒါဝန်သည် မြတ်စွာဘုရား ပထမ၀ါကပ်တော်မူသည်၊ ပဉ္စ၀ဂ္ဂီငါးဦးတို့ ရဟန္တာဖြစ်တော်မူခဲ့သည်၊ ယသသဌေးသားနှင့် သူငယ်ချင်း ၅၄-ဦးတို့ ပထမ၀ါတွင်းမှာပင် တို့ ရဟန္တာဖြစ်တော်မူကြသည်။ မြတ်စွာဘုရားသည် မိဂဒါဝန်သို့ နောက်ထပ် ၃-ကြိမ်ခန့်ကြွတော်မူခဲ့သည်။ဖူးမြော်လေ့လာရန် ဌာနများကတော့-

(၁) ဓမ္မေခ စေတီ၊

(၂) မူလ ဂန္နကုဋိဝိဟာရ၊

(၃) ချောက်ခဏ္ဍီစေတီ၊

လေ့လာစရာတွေ ကတော့ ကျန်ပါသေးတယ်။ ကျွန်မမှတ်မိ သလောက်ဘဲဖော်ပြထား ခြင်းပါ။ ဒါကတော့ မိဂဒါဝန်ဘုန်းကြီးကျောင်းအ၀င်ဝပါ။

ဘုန်းကြီးကျောင်းက သမင်တွေဘေးမဲ့ပေးထားတဲ့ ဥယျာဉ်ဘေးမှာပါ။ အခန်းကနေကြည့်ရင် သမင်တွေကို ဒီအတိုင်း မြင်နေရပါတယ်။

ဒါကတော့ ဓမ္မေခ စေတီတော်ပါ။ ဉာဏ်တော်မှာ ၁၄၀-ခန့်မြင့်၍ တမိုင်ပတ်လည်ကပင်ကောင်းမွန်စွာ မြင်တွေ့နိုင်ပါတယ်။
မူလ ဂန္နကုဋိဝိဟာရ အတွင်းရှိ ရုပ်ပွားတော်ပါ။

မူလ ဂန္နကုဋိဝိဟာရပါ။ မြောက်ဘက်ထိပ်တွင် ဗုဒ္ဓရုပ်ပွားတော်နှင့် ဓာတ်တော်တိုက် ရှိသည်။ ကျောင်းတော်နှစ်ပတ်လည် အထိမ်းအမှတ်နေ့ ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် ဓာတ်တော်ဖွင့်ပွဲပြုလုပ်သည်။သာဝတ္တိသို့

ဆက်လက်၍ သာဝတ္တိသို့ ခရီးဆက်ခဲ့ပါတယ်။ ဗာရာဏသီမြို့မှ သာဝတ္တိသို့ကားငှား၍ သွားလျှင်ကီလိုမီတာ ၃၃၀-ကွာဝေးသည်။ ဖူးမြော်ကြည့်ရှုရန်ဌာနများကတော့ -

(၁) ဇေတ၀န်ကျောင်းတော်ရာ၊

(၂) ဒေ၀ဒတ်မြေမျိုသည့်နေရာ၊

(၃) အာနန္ဒာဗောဓိ၊


ဒါကတော့ ဇေတ၀န်ကျောင်းတော်ရာပါ။ ဇေတ၀န်ဆိုသည်မှာ (ဇေတ၀န=ဇေတ=မင်သား၏အမည်။ ၀န=ဥယျာဉ်ပန်းခြံ) ဇေတမင်းသားပိုင်သော ဥယျာဉ်ဟု ဆိုလိုသည်။ အာနန္ဒာဗောဓိပင်သည် ဇေတ၀န်ဥယျာဉ် အတွင်းတွင် တည်ရှိသည်။


[မောင်အံ့ (မဟာဝိဇ္ဇာ - ဘုံဘေ) ၏ မြတ်ဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာကို ကိုးကားသည်။] ဆက်လက်ဖော်ပြပါမည်။

4 comments:

khin oo may said...

ကျေူးဇူး။ ဒါတ်ံပုံ

A Linn Nyi said...

အပိုင်း(၂) လာဖတ်သွားတယ် မုဒိတာရေ :)

Anonymous said...

ဗုဒ္ဓဂါယာ အကြောင်း ပုံနဲ့တကွ ဖော်ပြပေးတာ ကျေးဇူးပါ မုဒိတာရေ..

Anonymous said...

အ၇မ်း ဗဟုသုတရလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ..
ပုံလေးတွေ ထပ်ရှိသေးရင်လေ.
innocentlife85@gmail.com ကို ပို့ ပေးပါလားခင်ဗျာ..
ဒေ၀ဒတ်မြေမျိုတဲ့ နေရာတို့ ကိုလည်းကြည့်ချင်လို့ ပါခင်ဗျ...